(၁)ရက်တာ တရားစခန်း ဆောက်တည်ခြင်း

For AMPS Foundation မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ တော်သလင်းလပြည့်နေ့(၁၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ သောကြာနေ့တွင် ဒေါက်တာ အရှင်ဘောဂိက (ကြိုးကြာမြေဆရာတော်)ထံမှ (၉)ပါးသီလခံယူခြင်း ၊ ဝိပဿနာတရားတော်များ နာယူခြင်းစသည့် (၁)ရက်တာ တရားစခန်း ဆောက်တည်ခြင်းကို သက်တော်ရှည် မဟာဝိသုတာရာမစာသင်တိုက် ၏ ပဓာန နာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍိတ အား အမှူးထား၍ Aung Myin Pyae Sone Development Co.,Ltd ၏ ဥက္ကဋ္ဌ ဦးအောင်မင်း နှင့် ဇနီးဒေါက်တာမေသန့်စင် ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက သင်္ဃန်းကျွန်းမြို့နယ် ၊ သုမင်္ဂလာလမ်း ၊ မဟာဝိသုတာရာမကျောင်းတိုက်တွင် လှူဖွယ်ပစ္စည်း များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ဖွင့်လှစ်ပြီး ၊ကြွရောက်လာကြသော ဧည့်ပရိသတ်များက သြကာသကန်တော့ချိုးဖြင့် သံပြိုင်ညီညာကန်တော့၍ ဒေါက်တာ အရှင်ဘောဂိက (ကြိုးကြာမြေဆရာတော်)မှ (၉)ပါးသီလခံယူခဲ့ကြသည်။ ယင်းနောက်ဒေါက်တာ အရှင်ဘောဂိက (ကြိုးကြာမြေဆရာတော်)မှ ဝိပဿနာအခြေခံ " အလုပ်ပေးတရား" နှင့် "မဟာသတိပဋ္ဌာနသုတ်" တရားတော်များကို ဟောကြားပေးခဲ့သည်။ ယင်းနောက် ဝေနေယျလုံးစုံသတ္တဝါများအား မေတ္တာပို့ အမျှပေးဝေခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုအတွက် ရေစက်ချ အနုမော ဓနာတရားချီးမြှင့်ခဲ့သည် ဧည့်ပရိသတ်များနှင့် ဝန်ထမ်းမိသားစုများမှ မြတ်နိဗ္ဗာန် ရောက်ကြောင်းရည်စူးကာ (၁)ရက်တာ တရားစခန်းအားအောင်မြင်စွာဆောက်တည် ကုသိုလ်ယူခဲ့ကြပါသည်။

©2024. All Rights Reserved By AMPS

PHP Code Snippets Powered By : XYZScripts.com